Windows 7 exe Error

Wednesday, December 29, 2010


Windows 7 တွင် ဆော့ဖ်ဝဲတင်လိုက်လို့ပဲဖြစ်ဖြစ်၊ update လုပ်လိုက်လို့ပဲဖြစ်ဖြစ် exe error ဖြစ်ပြီး ဆော့ဖ်ဝဲတွေ သုံးလို့မရတော့ဘဲ ဖြစ်တတ်ပါတယ်။ Start Menu မှာ ရှိတဲ့ Application အားလုံးရဲ့ Shortcut တွေဟာလည်း အလုပ်လုပ် မလုပ်တော့ပါဘူး။ ဖွင့်လိုက်တိုင်း Active ဖြစ်နေတဲ့ Application တစ်ခုသာ ပွင့်လာမှာ ဖြစ်ပါတယ်။ ဥပမာ firefox က active ဖြစ်နေတယ်ဆိုပါစို့ (ပုံတွင်ကြည့်ပါ)။ အဲဒီအချိန်မှာ ဘယ်ဟာကိုပဲ ဖွင့်ဖွင့် firefox ပဲ တက်လာမှာပါ။ firefox မှ မဟုတ်ပါဘူး တစ်ခြား ဆော့ဖ်ဝဲတစ်ခုခုလည်း active ဖြစ်ပြီး ကျန်နေတတ်ပါတယ်။ (vlc တို့၊ windows media center တို့ စသဖြင့်ပေါ့)။ အဲဒါကတော့ registry ထဲမှာရှိတဲ့ exe ရဲ့ entry တွေ ပျက်သွားလို့ပါပဲ။ အဲဒီလိုမျိုးဖြစ်တာနဲ့ ကြုံနေရတဲ့သူများအတွက် ပြေလည်အောင် အလွယ်တကူ ဖြေရှင်းပေးနိုင်မယ့် registry fix ဖိုင်လေးကို တင်ပေးလိုက်ပါတယ်။ လိုအပ်နေသူများအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။


Download Mediafire

Sniper Ghost Warrior

Saturday, December 25, 2010


သေနတ်ပစ်တာ ဝါသနာပါသူများအတွက် Sniper Ghost Warrior လေးတင်ပေးလိုက်ပါ။ ကောင်းမကောင်းကိုတော့ ဆော့ကြည့်ရင် သိပါလိမ့်မယ်။ ဖိုင်ဆိုဒ်ကတော့ 4.03 Gb နည်းနည်းတော့ကြီးတယ်။ အဲဒါကြောင့် အပိုင်းလေးတွေခွဲပြီး တင်ပေးလိုက်ပါတယ်။ အပိုင်းအားလုံးကို ဒေါင်းလုပ်ချပြီး Winrar နဲ့ Extract လုပ်လိုက်ရင် 4.03 Gb ရှိတဲ့ iso ဖိုင်ကို ရရှိပါလိမ့်မယ်။ အဲဒီ iso ကိုတော့ DVD နဲ့ burn ချင်လည်း burn လိုက်ပေါ့။ မ burn ချင်ဘူးဆိုရင်လည်း mount လုပ်ပြီး Install လုပ်နိုင်ပါတယ်။ Install ပြုလုပ်ပြီးပါက SKIDROW folder ထဲမှာ ဖိုင်နှစ်ခိုကို copy လုပ်ပြီး install လုပ်ထားတဲ့ directory ထဲမှာ Replace လုပ်လိုက်ပါ။ အဲဒါဆို ကစားနိုင်ပါပြီ။ DirectX 9 တော့ ရှိပြီးသားဖြစ်ရပါမယ်။ mount လုပ်တဲ့ ဆော့ဖ်ဝဲလိုချင်ရင်လည်း ဒီမှာ(Daemon Tools Lite) ဒေါင်းနိုင်ပါတယ်။ mount လုပ်နည်းကိုတော့ သိကြမယ် ထင်ပါတယ်။ ဂိမ်းအတွက် လိုအပ်တဲ့ system requirements ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။


System Requirements
Intel Processor - Core 2 Duo E4400 2.0GHz နှင့် အထက်
AMD Processor - Athlon 64 X2 Dual Core 4200+ နှင့် အထက်
Nvidia Graphics Card - GeForce 7900 GT နှင့် အထက်
ATI Graphics Card - Radeon X800 XT နှင့် အထက်
RAM (Memory) - 2 GB နှင့် အထက်
Hard Disk Space - 6 GB နှင့် အထက်
Direct X - 9 နှင့် အထက်


Download Mediafire

Part 1, Part 2, Part 3, Part 4, Part 5, Part 6, Part 7, Part 8, Part 9, Part 10, Part 11, Part 12, Part 13, Part 14, Part 15, Part 16, Part 17, Part 18, Part 19, Part 20, Part 21,

Internet Download Manager 6.04

Thursday, December 23, 2010


Internet Download Manager ကို ကြိုက်နှစ်သက်သူများအတွက် ဒါကတော့ Version 6.04 ဖြစ်ပါတယ်။ Install လုပ်ရန် အဆင့်ဆင့်ကိုတော့ info ဖိုင်လေးထဲမှာ ဖတ်နိုင်ပါတယ်။ အလိုရှိသူများ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ။7.13 MB

Downloand Mediafire

Driver Genius PRO 10.0.0.526


ဘလော့ဂ်ဘက်လည်း မလှည့်ဖြစ်တာကြာပါပြီ။ အလုပ်တွေအရမ်းရှုပ်နေလို့ပါ(ရုပ်ရှင်တွေကြည့်နေတာ):D ။ စာရေးရမှာလည်း အရမ်းပျင်းသွားတယ်။ ခုတော့ ရေးချင်စိတ်ပြန်ပေါ်လာလို့ ဒီဆော့ဖ်ဝဲလေးကို တင်ပေးလိုက်ပါတယ်။

အခု တင်ပေးလိုက်တဲ့ ဆော့ဖ်ဝဲလေးကတော့ အောက်မှာဖော်ပြထားတဲ့ အချက်တွေအတွက် ရည်ရွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်-

၁။ Laptops လေးကို အကြောင်းအမျိုးမျိုးကြောင့် ဝင်းဒိုး အသစ်ပြန်တင်ပြီး driver အခွေတွေမရှိဘဲ driver အခက်အခဲများ ပြေလည်စေရန်။

၂။ Driver လေးတွေကို အမြဲတမ်း Up-to-date ဖြစ်နေအောင် ပြုလုပ်နိုင်ဖို့ရန်။

Laptops တွေမှာဆိုရင် Driver အခွေက ပါမလာတတ်ဘူးလေ။ အဲဒါကြောင့် ဝင်းဒိုး ပြန်တင်လိုက်တဲ့အခါမှာ driver ပြဿနာကြုံရတော့တာပဲ။ ဝင်းဒိုးဆဲဗင်း တင်လိုက်လို့ driver တွေရဲ့ ဖြေရှင်းပေးနိုင်တယ် ဆိုကြပေမယ့် တစ်ချို့ hardware တွေက ဝင်းဒိုးက ပေးတဲ့ driver တွေက အဲဒီ hardware အလုပ်လုပ်နိုင်လောက်ရုံသာ(compitable) ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ VGA display driver တွေပေါ့။ ဘာတွေဖြစ်နိုင်လဲဆိုတာကိုလည်း ဆက်ရှင်းပြချင်ပါတယ်။ ဥပမာအားဖြင့် AMD က ထုတ်တဲ့ ati radeon mobility driver တပ်ဆင်ထားတဲ့ laptop တစ်ခုကို ဝင်းဒိုး အသစ်ပြန်တင်လိုက်တဲ့အခါ ဝင်းဒိုးက Standard VGA Driver ဆိုပြီး တင်ပေးလိုက်ပါတယ်။ အလုပ်တော့ လုပ်ပါတယ် ဒါပေမယ့် သူ့မှာပါရှိတဲ့ Features တွေကို အဲဒီ driver က အလုပ်လုပ် မပေးနိုင်ဘူး(ဘာလို့လဲဆိုတော့ original driver မဟုတ်လို့)။
အဲဒီလို ဖြစ်ခဲ့ရင်လည်း ဒီဆော့ဖ်ဝဲလေးက original driver ရရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ (အင်တာနက်ရဖို့တော့လိုပါတယ်)။

Driver လေးတွေကို အမြဲတမ်း Up-to-date ဖြစ်အောင် လုပ်မယ်ဆိုရင်လည်း features အသစ်တွေကို ရရှိနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ Performance ကိုရရှိ စေမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုလိုသူများနဲ့ လိုအပ်နေသူများအတွက် တင်ပေးလိုက်ပါတယ်။ install လုပ်ပုံလုပ်နည်းကို ReadMe ထဲမှာ ရေးပေးထားတယ်။ အောက်က link မှာ ဒေါင်းလိုက်ပါ..


Download Mediafire