စမ်းသပ်

Monday, May 5, 2014

မိုဘိုင်းနဲ့ စမ်းသပ်ကြည့်

Internet Download Manager 6.10

Wednesday, April 18, 2012




Internet Download Manager အား ကြိုက်နှစ်သက်သူများအတွက် Version 6.10 ကို တင်ပေးလိုက်ပါတယ်...

Downloand Mediafire

တောင်းပန်ခြင်း

Tuesday, March 22, 2011

ကျွန်တော် blog သို့ ဝင်ရောက်ဖတ်ရှုကြသူများကို အထူးပင် ကျေးဇူးတင်ပါသည်။ blog ဘက်ကို မလှည့်ဖြစ်လို့ စာမရေးဖြစ်တာ ကြာပါပြီ။ ဝင်းဒိုးနဲ့ application များနဲ့ ပတ်သက်လို့ သိချင်တာ၊ လိုချင်တာရှိရင် nainglinn13408@gmail.com ကို မေးလ်ပေးပို့နိုင်ပါတယ် ခင်ဗျာ။ မေးမြန်းမှုများကို ကျွန်တော့်ဥာဏ်စွမ်းရှိသလောက် ဖြေကြားပေးပါမယ် ခင်ဗျာ။ ဘလော့ဂ် ကိုလည်း အလျဉ်းသင့်သလို ဆက်လက်ရေးသွားပါမယ်။ ဘလော့ဂ်ဆက်မရေးဖြစ်လို့ အထူးပင်အားနာမိပါတယ်။

Windows 7 exe Error

Wednesday, December 29, 2010


Windows 7 တွင် ဆော့ဖ်ဝဲတင်လိုက်လို့ပဲဖြစ်ဖြစ်၊ update လုပ်လိုက်လို့ပဲဖြစ်ဖြစ် exe error ဖြစ်ပြီး ဆော့ဖ်ဝဲတွေ သုံးလို့မရတော့ဘဲ ဖြစ်တတ်ပါတယ်။ Start Menu မှာ ရှိတဲ့ Application အားလုံးရဲ့ Shortcut တွေဟာလည်း အလုပ်လုပ် မလုပ်တော့ပါဘူး။ ဖွင့်လိုက်တိုင်း Active ဖြစ်နေတဲ့ Application တစ်ခုသာ ပွင့်လာမှာ ဖြစ်ပါတယ်။ ဥပမာ firefox က active ဖြစ်နေတယ်ဆိုပါစို့ (ပုံတွင်ကြည့်ပါ)။ အဲဒီအချိန်မှာ ဘယ်ဟာကိုပဲ ဖွင့်ဖွင့် firefox ပဲ တက်လာမှာပါ။ firefox မှ မဟုတ်ပါဘူး တစ်ခြား ဆော့ဖ်ဝဲတစ်ခုခုလည်း active ဖြစ်ပြီး ကျန်နေတတ်ပါတယ်။ (vlc တို့၊ windows media center တို့ စသဖြင့်ပေါ့)။ အဲဒါကတော့ registry ထဲမှာရှိတဲ့ exe ရဲ့ entry တွေ ပျက်သွားလို့ပါပဲ။ အဲဒီလိုမျိုးဖြစ်တာနဲ့ ကြုံနေရတဲ့သူများအတွက် ပြေလည်အောင် အလွယ်တကူ ဖြေရှင်းပေးနိုင်မယ့် registry fix ဖိုင်လေးကို တင်ပေးလိုက်ပါတယ်။ လိုအပ်နေသူများအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။


Download Mediafire

Sniper Ghost Warrior

Saturday, December 25, 2010


သေနတ်ပစ်တာ ဝါသနာပါသူများအတွက် Sniper Ghost Warrior လေးတင်ပေးလိုက်ပါ။ ကောင်းမကောင်းကိုတော့ ဆော့ကြည့်ရင် သိပါလိမ့်မယ်။ ဖိုင်ဆိုဒ်ကတော့ 4.03 Gb နည်းနည်းတော့ကြီးတယ်။ အဲဒါကြောင့် အပိုင်းလေးတွေခွဲပြီး တင်ပေးလိုက်ပါတယ်။ အပိုင်းအားလုံးကို ဒေါင်းလုပ်ချပြီး Winrar နဲ့ Extract လုပ်လိုက်ရင် 4.03 Gb ရှိတဲ့ iso ဖိုင်ကို ရရှိပါလိမ့်မယ်။ အဲဒီ iso ကိုတော့ DVD နဲ့ burn ချင်လည်း burn လိုက်ပေါ့။ မ burn ချင်ဘူးဆိုရင်လည်း mount လုပ်ပြီး Install လုပ်နိုင်ပါတယ်။ Install ပြုလုပ်ပြီးပါက SKIDROW folder ထဲမှာ ဖိုင်နှစ်ခိုကို copy လုပ်ပြီး install လုပ်ထားတဲ့ directory ထဲမှာ Replace လုပ်လိုက်ပါ။ အဲဒါဆို ကစားနိုင်ပါပြီ။ DirectX 9 တော့ ရှိပြီးသားဖြစ်ရပါမယ်။ mount လုပ်တဲ့ ဆော့ဖ်ဝဲလိုချင်ရင်လည်း ဒီမှာ(Daemon Tools Lite) ဒေါင်းနိုင်ပါတယ်။ mount လုပ်နည်းကိုတော့ သိကြမယ် ထင်ပါတယ်။ ဂိမ်းအတွက် လိုအပ်တဲ့ system requirements ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။


System Requirements
Intel Processor - Core 2 Duo E4400 2.0GHz နှင့် အထက်
AMD Processor - Athlon 64 X2 Dual Core 4200+ နှင့် အထက်
Nvidia Graphics Card - GeForce 7900 GT နှင့် အထက်
ATI Graphics Card - Radeon X800 XT နှင့် အထက်
RAM (Memory) - 2 GB နှင့် အထက်
Hard Disk Space - 6 GB နှင့် အထက်
Direct X - 9 နှင့် အထက်


Download Mediafire

Part 1, Part 2, Part 3, Part 4, Part 5, Part 6, Part 7, Part 8, Part 9, Part 10, Part 11, Part 12, Part 13, Part 14, Part 15, Part 16, Part 17, Part 18, Part 19, Part 20, Part 21,

Internet Download Manager 6.04

Thursday, December 23, 2010


Internet Download Manager ကို ကြိုက်နှစ်သက်သူများအတွက် ဒါကတော့ Version 6.04 ဖြစ်ပါတယ်။ Install လုပ်ရန် အဆင့်ဆင့်ကိုတော့ info ဖိုင်လေးထဲမှာ ဖတ်နိုင်ပါတယ်။ အလိုရှိသူများ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ။7.13 MB

Downloand Mediafire

Driver Genius PRO 10.0.0.526


ဘလော့ဂ်ဘက်လည်း မလှည့်ဖြစ်တာကြာပါပြီ။ အလုပ်တွေအရမ်းရှုပ်နေလို့ပါ(ရုပ်ရှင်တွေကြည့်နေတာ):D ။ စာရေးရမှာလည်း အရမ်းပျင်းသွားတယ်။ ခုတော့ ရေးချင်စိတ်ပြန်ပေါ်လာလို့ ဒီဆော့ဖ်ဝဲလေးကို တင်ပေးလိုက်ပါတယ်။

အခု တင်ပေးလိုက်တဲ့ ဆော့ဖ်ဝဲလေးကတော့ အောက်မှာဖော်ပြထားတဲ့ အချက်တွေအတွက် ရည်ရွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်-

၁။ Laptops လေးကို အကြောင်းအမျိုးမျိုးကြောင့် ဝင်းဒိုး အသစ်ပြန်တင်ပြီး driver အခွေတွေမရှိဘဲ driver အခက်အခဲများ ပြေလည်စေရန်။

၂။ Driver လေးတွေကို အမြဲတမ်း Up-to-date ဖြစ်နေအောင် ပြုလုပ်နိုင်ဖို့ရန်။

Laptops တွေမှာဆိုရင် Driver အခွေက ပါမလာတတ်ဘူးလေ။ အဲဒါကြောင့် ဝင်းဒိုး ပြန်တင်လိုက်တဲ့အခါမှာ driver ပြဿနာကြုံရတော့တာပဲ။ ဝင်းဒိုးဆဲဗင်း တင်လိုက်လို့ driver တွေရဲ့ ဖြေရှင်းပေးနိုင်တယ် ဆိုကြပေမယ့် တစ်ချို့ hardware တွေက ဝင်းဒိုးက ပေးတဲ့ driver တွေက အဲဒီ hardware အလုပ်လုပ်နိုင်လောက်ရုံသာ(compitable) ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ VGA display driver တွေပေါ့။ ဘာတွေဖြစ်နိုင်လဲဆိုတာကိုလည်း ဆက်ရှင်းပြချင်ပါတယ်။ ဥပမာအားဖြင့် AMD က ထုတ်တဲ့ ati radeon mobility driver တပ်ဆင်ထားတဲ့ laptop တစ်ခုကို ဝင်းဒိုး အသစ်ပြန်တင်လိုက်တဲ့အခါ ဝင်းဒိုးက Standard VGA Driver ဆိုပြီး တင်ပေးလိုက်ပါတယ်။ အလုပ်တော့ လုပ်ပါတယ် ဒါပေမယ့် သူ့မှာပါရှိတဲ့ Features တွေကို အဲဒီ driver က အလုပ်လုပ် မပေးနိုင်ဘူး(ဘာလို့လဲဆိုတော့ original driver မဟုတ်လို့)။
အဲဒီလို ဖြစ်ခဲ့ရင်လည်း ဒီဆော့ဖ်ဝဲလေးက original driver ရရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ (အင်တာနက်ရဖို့တော့လိုပါတယ်)။

Driver လေးတွေကို အမြဲတမ်း Up-to-date ဖြစ်အောင် လုပ်မယ်ဆိုရင်လည်း features အသစ်တွေကို ရရှိနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ Performance ကိုရရှိ စေမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုလိုသူများနဲ့ လိုအပ်နေသူများအတွက် တင်ပေးလိုက်ပါတယ်။ install လုပ်ပုံလုပ်နည်းကို ReadMe ထဲမှာ ရေးပေးထားတယ်။ အောက်က link မှာ ဒေါင်းလိုက်ပါ..


Download Mediafire

Windows 7 32bit နှင့် 64 bit Loader

Friday, August 13, 2010

အွန်လိုင်းပေါ်ကို မရောက်ဖြစ်တာ ကြာပြီ။ ကမ္ဘာ့ဖလားပွဲတွေစကတည်းကပဲ။ ခုမှ ပြန်လည်ရောက်ရှိလာတာပါ။ ဆော့ဖ်ဝဲတွေလည်း မရှာဖြစ်သေးပါဘူး။ တောင်းဆိုထားတဲ့သူလည်း မရှိတဲ့အတွက် မရှာဖြစ်သေးပါဘူး။ ဒီနေ့တော့ Windows 7 Loader တွေ့လို့ တင်ပေးလိုက်ပါတယ်။ Windows Genuine အခက်အခဲ ဖြစ်နေသူများအတွက် အသုံးဝင်နိုင်ပါလိမ့်မယ်။ အလိုရှိသူများ ဒီမှာ ဒေါင်းလိုက်ပါ။ ကျေုးဇူးတင်ပါတယ်။

Uniblue Power Suite 2010

Friday, June 18, 2010


ခုတစ်လော ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေ တောက်လျှောက်ကြည့်နေလို့ ဘလော့ဂ်ဘက်တောင် သိပ်ပြီးမလှည့်ဖြစ်ပါဘူး။ ဒီနေ့တော့ စိတ်ကူးပေါက်တာနဲ့ Post တစ်ခုတင်လိုက်တာပါ။ ဒါလေးကတော့ Uniblue ရဲ့ Registry Booster ၊ SpeedUpMyPC နဲ့ Spyeraser သုံးခုပါဝင်တဲ့ Uniblue Power Suite 2010 ဖြစ်ပါတယ်။ အသုံးပြုချင်သူများ ဒီမှာ ဒေါင်းလိုက်ပါ။ serial key လည်း ပါတယ်နော်။

Kaspersky Internet Security 2011

Saturday, June 12, 2010


Kaspersky 2011 ဖြစ်ပါတယ်။ ထူးခြားချက်တွေကတော့ သုံးကြည့်မှ သိပါမယ်။ Version ဟောင်းတွေတုန်းကတော့ Internet Connection ကို ကျစေတယ်လို့ ထင်ခဲ့ပေမယ့် 2011 မှာ လုံးဝ မထင်မိပါ။ ကျွန်တော်လည်း စမ်းသုံးကြည့်ခါစ ဆိုတော့ သူ့ရဲ့ Features တွေကို မသိသေးပါဘူး။ အသစ် အသစ်တွေကိုမှ စမ်းပြီးသုံးချင်တဲ့ သူတွေအတွက် တင်ပေးလိုက်ပါတယ်။ ၉၈.၈ MB



Download Mediafire

IDM 5.19 Build 3 Download

Tuesday, June 8, 2010


Internet Download Manager ကို ကြိုက်နှစ်သက်သူများအတွက် ဒါကတော့ Build 3 ဖြစ်ပါတယ်။ အလိုရှိသူများ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ။ 3.08 MB







Malwarebytes' and Spyware Doctor With Serial Keys

Internet Connection အမြန်နှုန်းကို ကျဆင်းစေမယ့် Malware တွေ၊ Adware တွေ၊ Spyware တွေ မကပ်ညှိနေစေဖို့ Malwarebytes' Anti-malware နဲ့ Spyware Doctor တို့ကို တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း သုံးပါတယ်ခင်ဗျာ။ သုံးလို့လည်း အဆင်ပြေပါတယ်။ Malwarebytes' ကတော့ မိမိကွန်ပျူတာရဲ့အမြန်နှုန်းကိုလည်း နှောင့်ယှက်မှု မရှိပါဘူး။ ပြီးတော့ အင်တာကွန်နက်ရှင်ကိုလည်း မြှင့်တင်ပေးပါတယ်။ Spyware Doctor ကတော့ PC Tools ထဲက Software တစ်မျိုးဖြစ်တဲ့ အတွက် အမြန်နှုန်းနည်းနည်းကျပါတယ်။ အလိုရှိသူများ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ။ Malware တွေ၊ Adware တွေ၊ Spyware တွေ ရန်မှကင်းဝေးပါစေ။



Malwarebytes' Anti-malware

Download Mediafire ၊

Spyware Doctor

Download Mediafire ၊

Download Accelerator Plus Premium 9.4.0.4.6

Saturday, June 5, 2010

ဒါလေးက DownloadAcceleratorPlusPremium9.4.0.4.6 ပါ။ IE ကို သုံးပြီးတော့ DAP ကို ကြိုက်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ Speed ကလည်း IDM နီးပါးကောင်းပါတယ်။ ဒေါင်းလုပ် လုပ်ဖို့အဆင်ပြေပါတယ်။ Intall လုပ်နည်းနဲ့ Crack လည်း ထည့်ပေးထားပါတယ်။ အလိုရှိသူများ အောက်မှာ ဒေါင်းလိုက်ပါ ခင်ဗျာ။

Download mediafire၊ Download ifile

Uniblue Registry Booster 2010 နဲ့ SpeedUpMyPC 2010

Wednesday, June 2, 2010

မိမိရဲ့စက်ကို Performance ကောင်းကောင်းနဲ့ လျင်မြန်စွာ အသုံးပြုနိုင်ဖို့ အထောက်အကူပြုတဲ့ Utilities လေးတွေပါ။ Uniblue Registry Booster2010 နဲ့ SpeedUpMyPc2010 ဖြစ်ပါတယ်။ side ကလည်း တော်တော်သေးပါတယ်။ Activate Key လည်း ပါပြီးသားဖြစ်ပါတယ်။ သုံးလို့လည်း အရမ်းအဆင်ပြေလို့ တင်ပေးလိုက်ပါတယ်။ လိုချင်သူများ အောက်ပါဒေါင်းလိုက်ပါခင်ဗျာ။
8.47 MB

Download Mediafire

Packed.Win32.Krap.ao အကိုက်ခံရခြင်း

ဒီနေ့တော့ တော်တော်လေး စိတ်လေသွားတယ်။ Kaspersky Internet Security 2010 တင်ထားတဲ့ စက်မှာ Internet သုံးတော့ ဒေါင်းလုပ် လုပ်ရတာ ကြာနေတယ်။ အဲဒါနဲ့ စိတ်က သိပ်မရှည် Kaspersky ကို ခဏ Disable ပေးပြီး ဒေါင်းလိုက်တာ Packed.Win32.Krap.ao ဆိုတဲ့ Trojan ဝင်မွှေပါတော့တယ်။ Virus ဝင်မွှေနေပြီဆိုတာ သိတဲ့အချိန်မှာ Kaspersky ကို Enable ပေးတော့ Kaspersky က အကစ်ခံလိုက်ရပြီ သူလည်း အလုပ် မလုပ်နိုင်တော့ဘူး။ ဒီကောင်ကို သတ်ဖို့ခေါင်းစားတာနဲ့ ခဏပစ်ထားလိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက် အနည်းငယ်ကိုတော့ မှတ်ထားလိုက်မိတယ်။ ဒီကောင်က Internet ချိတ်မှ အပြည့်အဝ အလုပ်လုပ်တယ်။ Network ဖြုတ်လိုက်တာနဲ့ ဒီကောင် အလုပ် မလုပ်တော့ဘူး။ Internet ချိတ်လိုက်ပြီဆိုတာနဲ့ Network Service တွေ ဖြစ်တဲ့ (svchost) ကို ၄ ခုတောင် Run လိုက်တော့ အဲဒီမှာတင် Processor က ၁၀၀ ရာခိုင်နှုန်း ဖြစ်ပြီး Hang ပါလေရော။ Kasper လေး ကြိုးစားပြီး Run လိုက်တော့ Restart ကျပြီး ပိုဆိုးသွားရော။ Internet Network Attack ဆိုတာ ပေါ်ပြီး ဘာမှ လုပ်လို့မရတော့ဘူး။ နောက်တစ်ခု Startup မှာ monymi32 ဆိုတဲ့ ကောင် Run နေတာပါပဲ။ အော် နောက်တစ်ခုရှိသေးတယ်။ Explorer.exe ကို လည်း လိုက်တုပြီး နောက်ထပ် ၂ ခုတောင် ထပ်ပြီး Run ထားလိုက်သေးတယ်။ အဲဒီတော့ သေပြီပေါ့ ကျွန်တော့်စက်က ဘာလုပ်လို့ရတော့မလဲ။ အဲဒီလို Virus ဝင်ပြီး ဖြေရှင်းရတာ စိတ်အညစ်ရဆုံးပဲ (စိတ်ညစ်မှာပေါ့ နားမှ မလည်တာ)။ အခုတော့ နားလည်တဲ့ သူတွေမေးထားတယ်။ ကျွန်တော် သတ်ကြည့်လိုက်ဦးမယ်။ အဆင်ပြေရင် ဘယ်လိုသတ်ရတယ်။ ဘာတွေလိုလဲ ထပ်ရေးဦးမယ်နော်။

ဝင်းဒိုးဆဲဗင်းပရော်ဖက်ရှင်နယ်64-bit

Tuesday, June 1, 2010

ဝင်းဒိုးဆဲဗင်း လိုချင်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းများ အတွက် ဟောဒီမှာ ဝင်းဒိုးဆဲဗင်း ပရော်ဖက်ရှင်နယ် 64-bit ပါ။ ရှိပြီးသား သူတွေအတွက် အသုံးတည့်ချင်မှ တည့်ပါမယ်။ သို့သော် ဝင်းဒိုးဆဲဗင်း ပရော်ဖက်ရှင် အလိုရှိနေတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းများ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော် တင်ပေး လိုက်တာကတော့ ဝင်းဒိုးဆဲဗင်း ပရော်ဖက်ရှင်နယ်ရဲ့ ISO ဖိုင်ဖြစ်ပါတယ်။ HJspliter နဲ့ split လုပ်ပြီး တင်လိုက်ပါတယ်။ HJspliter မရှိသေးသူတွေ အတွက်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ ဖိုင်တွေ အားလုံး ဒေါင်းလုပ်ပြီးရင် HJSPLIT နဲ့ JOINT လုပ်ပါ။ အဲဒါဆိုရင် ISO ဖိုင်တစ်ခု ရရှိပါလိ့်မယ်။ အဲဒီ ISO ကို Burn လိုက်ပါ။ အဲဒီလို Burn တဲ့အချိန်မှာ ISO Error တက်ခဲ့တယ် ဆိုရင်တော့ FileHelper လေးနဲ့ ပြင်လိုက်ပါ။ Filehelper ကိုတော့ ဒီမှာ ယူလိုက်ပါ။ ISO Burner လည်း မရှိသေးပါဘူး ဆိုရင်တော့ ဒီမှာ ActiveISOBurner ဆိုတာရှိပါတယ်။ အောက်က လင့်ခ်တွေမှာ ဒေါင်းကြနော်။ Mediafire က ဒီနေ့မှ ရလို့ အမှားအယွင်း ရှိရင်လည်း နားလည် ပေးစေချင်ပါတယ်။ အခက်အခဲရှိရင်လည်း မေးလ်ပို့ထားကြပါ။



အဆင်ပြေပါစေ.....

Mediafire
အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)၊ အပိုင်း(၄)၊ အပိုင်း(၅)၊ အပိုင်း(၆)၊ အပိုင်း(၇)၊ အပိုင်း(၈)၊ အပိုင်း(၉)၊ အပိုင်း(၁၀)၊ အပိုင်း(၁၁)၊ အပိုင်း(၁၂)၊ အပိုင်း(၁၃)၊ အပိုင်း(၁၄)၊ အပိုင်း(၁၅)၊ အပိုင်း(၁၆)၊ အပိုင်း(၁၇)၊ အပိုင်း(၁၈)၊ အပိုင်း(၁၉)၊ အပိုင်း(၂၀)၊ အပိုင်း(၂၁)၊ အပိုင်း(၂၂)၊ အပိုင်း(၂၃)၊ အပိုင်း(၂၄)၊ အပိုင်း(၂၅)၊ အပိုင်း(၂၆)၊ အပိုင်း(၂၇)၊ အပိုင်း(၂၈)၊ အပိုင်း(၂၉)၊ အပိုင်း(၃၀)၊ အပိုင်း(၃၁)၊ အပိုင်း(၃၂)၊ အပိုင်း(၃၃)၊ အပိုင်း(၃၄)၊ အပိုင်း(၃၅)၊ အပိုင်း(၃၆)၊ အပိုင်း(၃၇)၊ အပိုင်း(၃၈)၊ အပိုင်း(၃၉)၊ အပိုင်း(၄၀)၊ အပိုင်း(၄၁)၊ အပိုင်း(၄၂)၊ အပိုင်း(၄၃)၊ အပိုင်း(၄၄)၊ အပိုင်း(၄၅)၊ အပိုင်း(၄၆)၊ အပိုင်း(၄၇)၊ အပိုင်း(၄၈)၊ အပိုင်း(၄၉)၊ အပိုင်း(၅၀)၊ အပိုင်း(၅၁)၊ အပိုင်း(၅၂)၊ အပိုင်း(၅၃)၊ အပိုင်း(၅၄)၊ အပိုင်း(၅၅)၊ အပိုင်း(၅၆)၊ အပိုင်း(၅၇)၊ အပိုင်း(၅၈)၊ အပိုင်း(၅၉)၊ အပိုင်း(၆၀)၊ အပိုင်း(၆၁)၊ အပိုင်း(၆၂)

Microsoft Office Professional 2010

Friday, May 28, 2010


Microsoft Office Professional 2010 ကို ကြိုက်နှစ်သက်သူများအတွက် တင်ပေးလိုက်ပါတယ်။ Serial Key လည်း ထည့်ဖို့မလိုပါဘူး။ ဆော့ဖ်ဝဲအသစ်တွေကို စမ်းသုံးချင်တဲ့သူတွေနဲ့ အသစ်သစ်တွေကိုမှ ကြိုက်ကြပါတယ်ဆိုတဲ့ ကျွန်တော်ရဲ့ ဘော်ဒါဘော်ကျွတ်တွေ အောက်ကလင့်ခ်တွေမှာ ဒေါင်းလိုက်ပါ။ ဒေါင်းလုပ်ချလို့ အခက်အခဲရှိရင်လည်း Cbox မှာ အော်ခဲ့ပါ။ တစ်ခြား Hosting တွေက သုံးလို့အဆင်မပြေသေးလို့ Rapidshare မှာပဲ တင်ထားရပါတယ်။ အခြား အခြားသောဆော့ဖ်ဝဲများကိုလည်း လိုအပ်တဲ့သူတွေ ဒေါင်းလို့ရအောင် အဆင်ပြေသလို တင်ပေးသွားပါ့မယ်။




အဆင်ပြေပါစေ.....

Rapidshare

အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)၊ အပိုင်း(၄)၊ အပိုင်း(၅)၊ အပိုင်း(၆)၊ အပိုင်း(၇)၊ အပိုင်း(၈)၊ အပိုင်း(၉)၊ အပိုင်း(၁၀)၊ အပိုင်း(၁၁)၊ အပိုင်း(၁၂)၊ အပိုင်း(၁၃)၊ အပိုင်း(၁၄)၊ အပိုင်း(၁၅)

PC Internet Security Tools

Thursday, May 27, 2010




PC Internet Security Tools ဖြစ်ပါတယ်။ PC Tools များကို နှစ်သက်သူများနှင့် ဆော့ဖ်ဝဲများ စမ်းသပ်အသုံးပြုနေသော ကျွန်တော့်သူငယ်ချင်းများအတွက် ဒီမှာ ဒေါင်းလုပ်ချနိုင်ပါတယ်။ ဘလော့ကိုစမ်းတဝါးဝါးရေးနေပါတယ်။ လိုအပ်ချက်များရှိပါက ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ။




အဆင်ပြေပါစေ

ဝင်းဒိုးဆဲဗင်းLoader (v 1.8 rc6)

Saturday, May 22, 2010


Upload လုပ်ရတာ အဆင်မပြေတာနဲ့ File Size ကြီးတာတွေကို တင်ချင်တာ တင်လို့အဆင်မပြေဘူးဖြစ်နေတယ်။ အဲဒါကြောင့် သေးသေးမွှားမွှားလေးတွေလေ တင်နေရတယ်။ အခုလည်း လျှောက်မွှေရင်းနဲ့ ဝင်းဒိုးဆဲဗင်း Loader (Version 1.8 rc6) တွေ့လို့ တင်ပေးလိုက်ပါတယ်။ Loader အခက်အခဲရှိနေသူများ ဒီမှာ ဒေါင်းလိုက်ပါခင်ဗျာ။

အဆင်ပြေပါစေ.....

Kaspersky Keys (21-5-2010)

Friday, May 21, 2010


၂၁-၅-၂၀၁၀ ကရရှိတဲ့ Kaspersky Keys အသစ်လေးတွေပါ။ Keys အလိုရှိနေသူများ ဒီမှာ ဒေါင်းကြပါခင်ဗျာ။







အောင်မြင်ပါစေ.....