Showing posts with label Virus. Show all posts
Showing posts with label Virus. Show all posts

Packed.Win32.Krap.ao အကိုက်ခံရခြင်း

Wednesday, June 2, 2010

ဒီနေ့တော့ တော်တော်လေး စိတ်လေသွားတယ်။ Kaspersky Internet Security 2010 တင်ထားတဲ့ စက်မှာ Internet သုံးတော့ ဒေါင်းလုပ် လုပ်ရတာ ကြာနေတယ်။ အဲဒါနဲ့ စိတ်က သိပ်မရှည် Kaspersky ကို ခဏ Disable ပေးပြီး ဒေါင်းလိုက်တာ Packed.Win32.Krap.ao ဆိုတဲ့ Trojan ဝင်မွှေပါတော့တယ်။ Virus ဝင်မွှေနေပြီဆိုတာ သိတဲ့အချိန်မှာ Kaspersky ကို Enable ပေးတော့ Kaspersky က အကစ်ခံလိုက်ရပြီ သူလည်း အလုပ် မလုပ်နိုင်တော့ဘူး။ ဒီကောင်ကို သတ်ဖို့ခေါင်းစားတာနဲ့ ခဏပစ်ထားလိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက် အနည်းငယ်ကိုတော့ မှတ်ထားလိုက်မိတယ်။ ဒီကောင်က Internet ချိတ်မှ အပြည့်အဝ အလုပ်လုပ်တယ်။ Network ဖြုတ်လိုက်တာနဲ့ ဒီကောင် အလုပ် မလုပ်တော့ဘူး။ Internet ချိတ်လိုက်ပြီဆိုတာနဲ့ Network Service တွေ ဖြစ်တဲ့ (svchost) ကို ၄ ခုတောင် Run လိုက်တော့ အဲဒီမှာတင် Processor က ၁၀၀ ရာခိုင်နှုန်း ဖြစ်ပြီး Hang ပါလေရော။ Kasper လေး ကြိုးစားပြီး Run လိုက်တော့ Restart ကျပြီး ပိုဆိုးသွားရော။ Internet Network Attack ဆိုတာ ပေါ်ပြီး ဘာမှ လုပ်လို့မရတော့ဘူး။ နောက်တစ်ခု Startup မှာ monymi32 ဆိုတဲ့ ကောင် Run နေတာပါပဲ။ အော် နောက်တစ်ခုရှိသေးတယ်။ Explorer.exe ကို လည်း လိုက်တုပြီး နောက်ထပ် ၂ ခုတောင် ထပ်ပြီး Run ထားလိုက်သေးတယ်။ အဲဒီတော့ သေပြီပေါ့ ကျွန်တော့်စက်က ဘာလုပ်လို့ရတော့မလဲ။ အဲဒီလို Virus ဝင်ပြီး ဖြေရှင်းရတာ စိတ်အညစ်ရဆုံးပဲ (စိတ်ညစ်မှာပေါ့ နားမှ မလည်တာ)။ အခုတော့ နားလည်တဲ့ သူတွေမေးထားတယ်။ ကျွန်တော် သတ်ကြည့်လိုက်ဦးမယ်။ အဆင်ပြေရင် ဘယ်လိုသတ်ရတယ်။ ဘာတွေလိုလဲ ထပ်ရေးဦးမယ်နော်။