မသိဘဲနဲ့

Monday, August 11, 2008

အတော်ပင် စိတ်ဓာတ်ကျနေပုံပေါက်နေသော လူသည် စိတ်ရောဂါကု ဆရာဝန်၏ ရှေ့ထိုင်ခိုင်ခုံတွင် ခြေပစ်လက်ပစ်ဝင်ထိုင်၍ ညည်းတွားသံဖြင့် ပြောလိုက်သည်။
“ကျုပ်ကို လူတိုင်းမုန်းတယ်ဗျာ”
စိတ်ရောဂါကုဆရာဝန်က ချက်ချင်းလက်ငင်းပင် ကောက်ခါငင်ခါ ဆိုလိုက်သည်။
“အဓိပ္ပာယ်မရှိဗျာ၊ ပေါက်ကရတွေ မပြောစမ်းပါနဲ့၊ မဖြစ်နိုင်တဲ့ကိစ္စကို”
လူနာသည် ရုတ်ချည်းစိတ်ဓာတ်တက်ကြွပြီး ငေါက်ခနဲ ထထိုင်လိုက်သည်။
“ကျုပ်ကို လူတိုင်းမမုန်းဘူးပေါ့”
“ခင်ဗျားလူတိုင်းနဲ့ မတွေ့သေးဘဲ၊ ဘယ့်နှယ်လုပ်တပ်အပ်ပြောနိုင်မလဲ”

0 comments: