Link တစ်ခုကို New Tab နဲ့ ပွင့်ဖို့အတွက်

Sunday, May 2, 2010

မိမိထည့်သွင်းထားတဲ့ Link တစ်ခုကို ဖွင့်လိုက်တဲ့အခါ မူလ Homepage ပျောက်ပျက် မသွားဘဲ New Tab အနေနဲ့ ပွင့်ဖို့ဆိုရင် a href="----"ရဲ့ နောက်မှာ Space တစ်ချက်ပုတ်ပြီး target=_blank ကိုထည့်လိုက်ပါ....

Windows Genuine ပြဿနာဖြေရှင်းရန်

Wednesday, April 14, 2010

Windows Install လုပ်ပြီး activate မလုပ်ဘဲ သုံးနေသူများသည် Windows ကို Update လုပ်လိုက်သောအခါ Windows Genuine ပြဿနာနှင့် ကြုံတွေ့ရပြီး Windows တက်လာတိုင်း Windows Genuine Victim ပေါ်လာပြီး Desktop ၊ Internet Explorer နှင့် Windows Media Player တို့အသုံးပြု၍ မရတော့ပါ။ ၎င်း Windows Genuine Victim သည် စက်ဖွင့်တိုင်း ကြုံတွေ့နေရမည်ဖြစ်ပြီး ၎င်းအား အလွယ်တကူ ပိတ်ရန်အတွက် အောက်ပါ အတိုင်း ပြုလုပ်ပါ-
(က) System32 ထဲမှ WgaTray.exe ကို နေရာပြောင်းပါ။
(ခ) System32 ထဲမှ Wgalogon.dll ကိုလည်း နေရာပြောင်းပါ။ ပြီးလျှင် Restart လုပ်ပါ။
Windows Genuine ပြဿနာ ခဏအေးသွားလိမ့်မည်။

မနာလိုစိတ်

Thursday, August 14, 2008

မနာလိုစိတ်ဟာ လူတွေမှာမွေးကတည်းက ကပ်ပါလာတဲ့စိတ်ပဲ။ အနည်းနဲ့ အများတော့ ရှိကြတာဘဲ။ သူတစ်ပါးကောင်းစားတာကို မရှုစိမ့်တဲ့စိတ်ဟာ တစ်ချို့လူတွေမှာ အတော်ကြီးမား ပြင်းထန်တယ်။ အဲဒီစိတ်ဟာ သူတို့ကိုဘဲ ပြန်ပြီး နှိပ်စက်တယ်။ မနာလိုအဖြစ် ခံရတဲ့လူကို နှိပ်စက်ဖို့ အကြောင်းကတော့ အတော်ဘဲနည်းတယ်။ မနာလိုစိတ်ဟာ ကိုယ့်မှာ အကျိုးမရှိဘူးဆိုတာ သိတန် သလောက် သိပေမဲ့ ဖျောက်ဖျက်လို့ ရနိုင်ဖို့ခဲယဉ်းတယ်။ ဘယ်လောက်ပဲ သဘောထားကျယ်ပြန့် တယ်ဆိုဆို မနာလို စိတ်ကလေးတော့ နည်းနည်းကျဉ်းကျဉ်း ရှိသေးတာဘဲ။ ကိုယ့်ကိုယ်ကို သိချင်မှ တောင် သိမယ်။
မနာလိုစိတ်ကို တတ်နိုင်သလောက် ကင်းရှင်းအောင် ကြိုးစားရာမှာ မုဒိတာတရား ပွားများရ ပေမယ်။ သူတစ်ပါးကောင်းစားတာကို နှစ်လိုမှုရှိဘို့ဟာ ကြိုးပမ်း ဆည်းပူးယူရတဲ့ တရားမျိုးဘဲ။ မလွယ်ဘူး။
မနာလိုစိတ်ဟာ လူတွေမှာ အတော်များများ ရှိကြလို့ မဖြစ်တန်တဲ့ ဒုက္ခတွေ ဖြစ်ကုန်ကြတာဘဲ။ မနာလိုစိတ်ရှိတဲ့လူတွေကို လွတ်အောင် ရှောင်နိုင်ဘို့ကတော့ ခက်တယ်။ လူတောထဲမှာ နေရသှမျှ မနာလိုစိတ်တွေကို ပတ်ဝန်းကျင်မှာ တွေ့ရမှာဘဲ။ ကိုယ်လဲ ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်း ဖြစ်နေတော့ ကိုယ့်အတွင်း သန္တာန်မှာလဲ ရှိနေတာဘဲ။
မနာလိုစိတ် တွေရဲ့ သြဇာကို ကိုယ်က မခံယူဘို့ ကြိုးစားရမယ်။ ဆိုချင်တာကတော့။ သူများ မနာလိုတာကို ဂရုစိုက်မနေဘဲ ကိုယ့်လမ်းကို မှန်မှန်သွားဘို့ပါပဲ။ မနာလိုသူတွေဟာ နောက်ဆုံး ကျတော့ မောသွားကြမယ်။ ငြိမ်သွား ကြမယ်။ မငြိမ်ဘဲ ဆက်ပြီး တိုက်နေယင်လဲ အချည်းနှီးဘဲ ဖြစ်နေလိမ့်မယ်။
မနာလိုမှုတွေရဲ့ သြဇာကို တွန်းလှန်နိုင်ဘို့ကတော့ ခိုင်မာ မှန်ကန်တဲ့ စိတ်ဓာတ်ပဲ။ လုပ်သင့်တယ် ထင်တာကို ဆင်ဆင်ခြင်ခြင် နဲ့ လုပ်ပြီး လူ့ဝတ္တရား ကျေပွန်ရင် မနာလိုစိတ်တွေဟာ မီးကိုတိုးတဲ့ ပိုးဖလန်တွေ ဖြစ်သွားမှာ အမှန်ပဲ။



ဆရာကြီး တက်တိုး၏ အတွေးအခေါ်မှတ်စုများစာအုပ်မှ

နမ်းနေမယ်

Wednesday, August 13, 2008

ပန်းလိုကြွေခဲ့ဘူးလည်း
ဝေတုန်းအတိုင်း လန်းနေတယ်.
ရနံ့တွေ သူများခိုးလည်း
မွှေးတုန်းအတိုင်း သင်းနေတယ်.
အလှတွေ ငါမဦးလည်း
ပွင့်တုန်းအတိုင်း နမ်းနေမယ်.
မှ ချာတိတ်

မသိဘဲနဲ့

Monday, August 11, 2008

အတော်ပင် စိတ်ဓာတ်ကျနေပုံပေါက်နေသော လူသည် စိတ်ရောဂါကု ဆရာဝန်၏ ရှေ့ထိုင်ခိုင်ခုံတွင် ခြေပစ်လက်ပစ်ဝင်ထိုင်၍ ညည်းတွားသံဖြင့် ပြောလိုက်သည်။
“ကျုပ်ကို လူတိုင်းမုန်းတယ်ဗျာ”
စိတ်ရောဂါကုဆရာဝန်က ချက်ချင်းလက်ငင်းပင် ကောက်ခါငင်ခါ ဆိုလိုက်သည်။
“အဓိပ္ပာယ်မရှိဗျာ၊ ပေါက်ကရတွေ မပြောစမ်းပါနဲ့၊ မဖြစ်နိုင်တဲ့ကိစ္စကို”
လူနာသည် ရုတ်ချည်းစိတ်ဓာတ်တက်ကြွပြီး ငေါက်ခနဲ ထထိုင်လိုက်သည်။
“ကျုပ်ကို လူတိုင်းမမုန်းဘူးပေါ့”
“ခင်ဗျားလူတိုင်းနဲ့ မတွေ့သေးဘဲ၊ ဘယ့်နှယ်လုပ်တပ်အပ်ပြောနိုင်မလဲ”

အမေ့မေတ္တာ

ပြာလဲ့လဲ့ကောင်းကင်ကြီးကို သင်ပုန်းပြု
မြင်းမိုရ်တောင်ကို ကညစ်လုပ်
သမုဒ္ဒရာရေကို မင်ရည်ဖျော်လို့
အမေ့ရဲ့ မေတ္တာတရား ကြီးမားကြောင်းကို
ရေးသားမှတ်ထားလည်း
ကောင်းကင်အပြည့် စာတွေရှိလို့
သမုဒ္ဒရာရေတွေ ခန်းချင်ခန်းမယ်
စာဖွဲ့လို့မကုန်နိုင်တာ
အမေရဲ့ မေတ္တာတရား ကြီးမားမှုပါဘဲ။

ဘ၀ဆိုတာဒီလိုပါကွယ်

ဝံပုလွေတစ်ကောင်နှင့် မြေခွေးတစ်ကောင် တောထဲ လျှောက်သွားနေခဲ့သည်။ ထိုစဉ် မလှမ်းမကမ်းမှ လာနေသော ယုန်လေးကို တွေ့လိုက်သည်။ မြေခွေးက ဆိုလိုက်သည်။
“ဒီကောင်ကို တီးထည့်လိုက်ရအောင်”
“အေး တီးထည့်လိုက်ရအောင်”
ဝံပုလွေက သဘောတူလိုက်သည်။ သို့ဖြင့် ယုန်ကလေးကို ဖမ်း၍ ပယ်ပယ်နယ်နယ် ရိုက်ထည့်လိုက်သည်။
“ဟ ကျွန်တော်ဘာလုပ်မိလို့ ကျွန်တော့်ကို ရိုက်နေကြတာလဲ”
ယုန်ကလေးက လူးလူးလိမ့်လိမ့်နေရာမှ မေးလိုက်သည်။
မြေခွေးက ဖြေလိုက်သည်။
“အင်း မင်းနားရွက်ထောင်ထောင်နဲ့လာလို့ကွ၊ သိပြီလား”
နောက်တစ်နေ့တွင် ယုန်လေးလမ်းလျှောက်ထွက်လာပြန်သည်။ ဘေးကန်းရန်ကင်း ဖြစ်စေရန် နားရွက်ကို ကုတ်ထားလိုက်သည်။ ဆိုက်ဆိုက်မြိုက်မြိုက်ပင် လမ်းတွင် မြေခွေးနှင့် ၀ံပုလွေတို့နှင့် တွေ့ပြန်သည်။ မြေခွေးက ၀ံပုလွေကို ပြောလိုက်ပြန်သည်။
“ဒီကောင်ကို တီးထည့်လိုက်ရအောင်”
သို့ဖြင့် နှစ်ဦးသဘောညီစွာ ယုန်လေးကို တီးထည့်လိုက်ပြန်သည်။
ယုန်လေးက ထိတ်ထိတ်လန့်လန့် မေးလိုက်သည်။
“ဒီတစ်ခါကျတော့ ကျွန်တော့ကို ဘာဖြစ်လို့ တီးတာလဲ”
“မင်းနားရွက် ကုတ်လာလို့”
“မနေ့ကကျတော့ နားရွက်ထောင်လာလို့ ရိုက်တာ”
“အေးလေကွာ နားရွက်ထောင်လာလို့ ရိုက်တာ”
“အေးဗျာ ဒါဆို မနက်ဖြန်ကျရင် ကျွန်တော့်နားရွက်ဖြတ်ပြီးလာခဲ့မှာ”
ယုန်လေးက ဒေါသဖြင့်ပြောလိုက်သည်။
“အဲဒါဆိုတီးမှာပဲ”
မြေခွေးနှင့်ဝံပုလွေက ပြောလိုက်သည်။
“ဘာဖြစ်လို့တီးမှာလဲ”
“ယုန်ဖြစ်ပြီး နားရွက်မရှိလို့ တီးမှာ”

စာရေးခြင်း

ကျွန်တော် ဘလော့ဂ် လောက ထဲကကို ၀င်ကြည့်တယ်။ စာရေးရမှာ အရမ်းပျင်းတယ်။ ကိုယ့်ဘလော့ဂ်မှာ ဘာစာမှ မရှိတော့ တစ်မျိုးပဲ။ ရေးမယ်လို့ ကြိုးစားကြည့်တယ်။ ဒါပေမယ့် ခေါင်းထဲမှာ ဘာမှ မရှိဘူး။ အခြားသူတွေရဲ့ ဘလော့ဂ်တွေ လိုက်ဖက် ကြည့်လိုက်တော့လဲ အားကျစရပါဘဲ။
အဲဒီလိုနဲ့ အားတင်းပြီး စာရေးကျင့်ကြည့်လိုက်တယ် ဘာမှ ထွက်မလာဘူး။ ဒါ ကျွန်တော်ရဲ့ ဘလော့ဂ်မှာ ကြုံရတဲ့ ပြဿနာပါပဲ။
ငယ်ငယ်တည်းက အကျင့်က ခုထိ ဖျောက်မရဘူး။ ချစ်သူရှိတောင် စာရေးရမှာ စိတ်ညစ်တယ်။ ခုတော့ ဘလော့ဂ်ထဲမှာ စာကျင့်ပြီး ရေးတော့မယ်လို့ ဆုံးဖြတ်ထားတယ်။

Google

Tuesday, July 22, 2008

Google

ရင်တထိတ်ထိတ်

Sunday, July 6, 2008

ရင်တထိတ်ထိတ်

“အရောင်းအ၀ယ်ဘယ်လိုနေသလဲ”

“အကျိုးပေးပါတယ်။ ပြီးခဲ့တဲ့လက အိမ်နဲ့မြေရောင်းလိုက်ရတယ်။

ဟော ခုငှားနေတဲ့အိမ် လာဝယ်နေကြလို့”